Mathemania 2017-2018

Mathemania 2017-2018

၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် Mathemania သချာင်္ာဏ်စမ်းပြိုင်ပွဲကြီး၏ စည်းမျဉ်းစည်းကမ်းများ

အထွေထွေ အချက်အလက်များ

၁) Mathemania သချာင်္ာဏ်စမ်းပြိုင်ပွဲ သည် BFI Education Services မှကြီးမှူးပြီး Shu Khinn Thar International College တွင်ပြုလုပ်ကျင်းပမည့် ကျောင်းပေါင်းစုံ ဖိတ်ခေါ်ပြိုင်ပွဲကြီး ဖြစ်ပါသည်။  ဤြ့ပိုင်ပွဲတွင် အဆင့်(၃)ဆင့်ရှိပြီးအဆင့်(level)အလိုက်ဥာဏ်စမ်းပုစ္ဆာအမျိုးမျိုးပါဝင်ပါသည်။ ကျောင်းသား၊ကျောင်းသူများ၏ ဆန်းစစ်ဝေဖန်ပိုင်းခြားနိုင်သောစွမ်းရည်တိုးတက်လာစေရန်နှင့်သချာင်္ဘာသာရပ်အားစိတ်အားထက်သန်မှုမြင့်တက်လာစေရန်ရည်ရွယ်၍ ဤပြိုင်ပွဲအားကျင်းပရခြင်း ဖြစ်ပါသည်။

၂)   မည်သူများဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသနည်း။

အောက်ဖော်ပြပါဇယားတွင် ပါရှိသည့်အတိုင်း ပြိုင်ပွဲဝင်အဆင့်အား အသက် (မွေးသက္ကရာဇ်) အလိုက်ဟူ၍ သတ်မှတ်ပြီးထိုအဆင့်များတွင် အကျုံးဝင်သူတိုင်း မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်များမှ မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင် ပါသည်။ ပြိုင်ပွဲအဆင့်များခွဲခြားမှုမှာအောက်ပါအတိုင်းဖြစ်ပါသည်။

ပြိုင်ပွဲအဆင့် မွေးသက္ကရာဇ်
မူလတန်းအဆင့်  ၁ ရက် ဇွန်လ ၂၀၀၆ခုနှစ် – ၃၁ ရက် မေလ ၂၀၀၉ခုနှစ်
အလယ်တန်းအဆင့်  ၁ ရက် ဇွန်လ၂၀၀၃ခုနှစ် – ၃၁ ရက် မေလ ၂၀၀၆ခုနှစ်
အထက်အဆင့်  ၁ ရက် ဇွန်လ၂၀၀၀ခုနှစ် – ၃၁ ရက် မေလ၂၀၀၃ခုနှစ်

 

၃)   ပြိုင်ပွဲအဆင့်တစ်ခုစီတွင် ဥာဏ်စမ်းပုစ္ဆာ (၂၀) စီပါဝင်ပါသည်။ ပြိုင်ပွဲဝင်ရန် သချာင်္ဘာသာရပ်၏ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစားကဲ့သို့ အခြေခံသချာင်္စွမ်းရည်နှင့် ဗဟုသုတရှိရန် လိုပါသည်။ ဥာဏ်စမ်းမေးခွန်း များကိုအင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း ဖော်ပြပေးထား မည်ဖြစ်ပါသည်။

၎) အခြေခံပညာမူလတန်း၊အလယ်တန်းနှင့် အထက်တန်းအဆင့် ပြိုင်ပွဲများအားမိမိတို့၏မွေးသက္ကရာဇ်အလိုက် သတ်မှတ်ထားသည့်အတိုင်းပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

၅) သင်္ချာဥာဏ်စမ်းပြိုင်ပွဲများအား၂၀၁၈ခုနှစ် ၊ ဖေဖော်ဝါရီလ (၃) ရက်နေ့ တွင်ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပမည့် အချိန်နှင့်နေရာအား ပြိုင်ပွဲဝင်များ၏  စာမေးပွဲကဒ်တွင် ဖော်ပြပေးသွား မည်ဖြစ်ပါသည်။

၆)ပြိုင်ပွဲအားအောက်ပါအချိန်ဇယားအတိုင်းကျင်းပမည်ဖြစ်ပါသည်။ပြိုင်ပွဲဝင်များအားလုံးသည်မိမိတို့ သက်ဆိုင်ရာ ပြိုင်ပွဲမစတင်မီ ၄၅ မိနစ်ကြိုတင် ၍ရောက်ရှိနေရမည်ဖြစ်ပါသည်။

 

စနေနေ့( ၃ရက် ဖေဖော်ဝါရီလ ၂၀၁၈)
၉း၀၀  –  ၁၀း၃၀ နာရီ ၁၂း၀၀ – ၁း၃၀ နာရီ ၃း၀၀ – ၄း၃၀ နာရီ
အလယ်တန်း မူလတန်း အထက်တန်း

 

လျှောက်လွှာတင်ရမည့် အစီအစဉ်

၇) ပြိုင်ပွဲဝင်လျှောက်လွှာတင်သူများအနေနှင့်ပုံစံဖြည့်၍ ၂၀၁၈ခုနှစ်၊ဖေဖော်ဝါရီလ ၂ရက် ညနေ (၃း၀၀)နာရီ နောက်ဆုံးထားပြီး Shu Khinn Thar International College (SKT) သို့မဟုတ် Bahan International Science Academy (BISA) ကျောင်းရုံးခန်းသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။ လျှောက်လွှာပုံစံများအား SKT နှင့် BISA ကျောင်းရုံးခန်းများတွင်ဖြစ်စေ www.bfi-edu.com တွင် download  ရယူခြင်းအားဖြင့်ဖြစ်စေ ရရှိနိုင်ပါသည်။ လျှောက်လွှာပုံစံများအားမိတ္တူကူးယူ၍လည်းအသုံးပြုနိုင်ပါသည်။

၈) ပြိုင်ပွဲဝင်များ၏မွေးသက္ကရာဇ်အမှန်ကိုသိရှိနိုင်ရန် အတွက်လျှောက်လွှာတင်သည့်အချိန်တွင် သက်ဆိုင်ရာ ကျောင်းသား၏နိုင်ငံသားမှတ်ပုံတင်ကဒ် (သို့) ကျောင်းသားကဒ် (သို့) အခြားသက်သေခံမှတ်တမ်း  တစ်ခုခုအား ယူဆောင် ပြသရမည်ဖြစ်ပါသည်။

၉) ပြိုင်ပွဲဝင်များသည်လျှောက်လွှာတင်ကြေး၅၀၀၀ ကျပ် ပေးသွင်းရမည်ဖြစ်ပါသည်။

၁၀) ပြိုင်ပွဲဝင်များသည် သချာင်္ာဏ်စမ်းမေးခွန်းဟောင်းများ ပါဝင်သောနမူနာမေးခွန်း နှင့် အဖြေများပါဝင်သော စာအုပ်အား လျှောက်လွှာတင်သည့်အချိန်တွင် ကျောင်းရုံးခန်းများတွင် အခမဲ့ရရှိပါမည်။

၁၁) ပြိုင်ပွဲဝင်များ၏ စာမေးပွဲဖြေဆိုခွင့် (Exam Slip) စာရွက်များ အားလျှောက်လွှာတင်သည့်အချိန်တွင် ထုတ်ပေးမည်ဖြစ်ပြီးပြိုင်ပွဲနေ့၌ယင်းစာမေးပွဲဖြေဆိုခွင့်စာရွက်ပြသနိုင်မှသာလျှင်ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်

ခွင့်ရရှိမည်ဖြစ်ပါသည်။စာမေးပွဲနေ့တွင်ပြိုင်ပွဲဝင်များသည်မိမိ၏သချာင်္ဥာဏ်စမ်းစာမေးပွဲဖြေဆိုခွင့်စာရွက်

နှင့်အတူနိုင်ငံသားမှတ်ပုံတင်ကဒ် အားယူဆောင်လာရမည် ဖြစ်ပါသည်။

 

 

 

 

ပြိုင်ပွဲဝင်စဉ်အတွင်း

(၁၂) စာမေးပွဲမစတင်မီကျောင်းသား၊ကျောင်းသူများအားစာမေးပွဲ၏စည်းမျဉ်းစည်းကမ်းများကိုပြောကြားသွား မည်ဖြစ်ပါသည်။စာမေးပွဲတွင်အမှတ်အပယ်မခံရစေရန်အတွက်ဤစည်းမျဉ်းစည်းကမ်းများကိုဖြေဆိုသူများ လိုက်နာရန်မဖြစ်မနေလိုအပ်ပါသည်။

၁၃)     ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲခန်းအတွင်းသို့ စာရွက်စာတမ်းများ၊ ဂဏန်းတွက်စက် များ၊ ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများ၊ I-Phone အစရှိသည့် အခြားအီလက်ထရောနစ် ပစ္စည်းများအား ယူဆောင်လာခွင့်မရှိပါ။ကျောင်းသား၊ကျောင်းသူများအား စာရေးကိရိယာနှင့် ခဲဖျက်မျှသာယူဆောင်ရန် ခွင့်ပြု ထားပါသည်။

၁၄) ပြိုင်ပွဲဝင်များသည် စာမေးပွဲခန်းအတွင်းလျှောက်သွားခြင်း၊ အခြားသူများနှင့် စကားပြောခြင်း၊ စာရေးကိရိယာတန်ဆာများအားငှားရမ်းခြင်း၊ မျှဝေသုံးစွဲခြင်းများ မပြုလုပ်ရပါ။

၁၅)အကယ်၍မိမိရရှိထားသောမေးခွန်းစာရွက်တွင်စက်ပိုင်းဆိုင်ရာအမှားအယွင်းတစ်စုံတစ်ရာတွေ့ရှိခဲ့ပါကမေးခွန်းစာရွက်အသစ်ကိုတောင်းယူခွင့်ရှိပါသည်။ထို့ကြောင့်ကျောင်းသား၊ကျောင်းသူများသည် ဥာဏ်စမ်းပုစ္ဆာများ စတင်မဖြေဆိုမီမေးခွန်းစာရွက်အားအသေအချာဖတ်ရှုရန်လိုအပ်ပါသည်။ သို့မှသာစာမေးပွဲခန်းစောင့်ဆရာမှ မေးခွန်းစာရွက်အသစ်အချိန်မီလဲလှယ်ပေးနိုင်မည်ဖြစ်ပါသည်။

၁၆) ပြိုင်ပွဲဝင်များသည်မရှင်းလင်းသည့်အချက်များရှိပါက စာမေးပွဲခန်းစောင့်ဆရာအား လက်ကို မြှောက်၍အသိပေးမေးမြန်းနိုင်ပါသည်။ ပြိုင်ပွဲဝင်များသည်မိမိကြောင့်အခြားသူများနှင့် စာမေးပွဲခန်းအား အနှောင့်အယှက်မဖြစ်စေရန်ပြိုင်ပွဲတလျှောက်ငြိမ်သက်စွာဖြေဆိုရမည်ဖြစ်ပါသည်။

၁၇) ပြိုင်ပွဲဝင်များသည် စာမေးပွဲဖြေဆိုပြီးစီးသည်ဖြစ်စေ၊ မပြီးစီးမီဖြစ်စေ ဆရာမှအဖြေလွှာများအားလုံး သိမ်းဆည်းပြီးခေါင်းလောင်းတီး သည် အထိမိမိ၏ခုံနေရာတွင် ထိုင်နေရမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်များသည် မိမိ၏ မေးခွန်းစာရွက်အား အိမ်သို့ယူဆောင်သွားခွင့်ရှိပါသည်။

၁၈) မေးခွန်းများတွင်လွယ်ကူသောအဆင့်၊ အလယ်အလတ်အဆင့်နှင့် ခက်ခဲသောအဆင့်ဟူ၍ သုံးမျိုးပါရှိပါသည်။ လွယ်ကူသောအဆင့်ရှိ မေးခွန်းများမှာ သုံးမှတ်တန်မေးခွန်းဖြစ်ပြီး၊ အလယ်အလတ်အဆင့် ရှိမေးခွန်းများမှာ လေးမှတ်တန်၍ ခက်ခဲသောအဆင့် ရှိမေးခွန်းများမှာ ငါးမှတ်တန်ပါသည်။ မေးခွန်းများအားမဖြေဆိုခဲ့ပါကသုညပေးမည်ဖြစ်ပါသည်။ အဖြေမှားလျှင်ရပြီးသားအမှတ်မှပြန်နှုတ်သည့်စနစ် မရှိပါ။

၁၉)  ပြိုင်ပွဲအဆင့် တစ်ခုစီအတွက် စာမေးပွဲကြာချိန်မှာ ၁နာရီ နှင့် မိနစ် ၃၀ ဖြစ်ပါသည်။

 

 

 

 

အမှတ်စာရင်းထုတ်ပြန် ကြေငြာခြင်း

၂၀)  ပြိုင်ပွဲတွင်ရရှိသည့်အမှတ်များကိုကျောင်း website (www.bfi-edu.com ) တွင်၎င်း၊ Facebook Account  တွင်၎င်း ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက် တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ ထို့အပြင်ကျောင်းများတွင် လည်းအမှတ်စာရင်းများကိုကြေငြာထားပေးမည်ဖြစ်ပါသည်။

 

ပြိုင်ပွဲပြီးနောက်ဆုပေးပွဲအခမ်းအနား

၂၁)ဆုပေးပွဲအခမ်းအနားကို မတ်လတွင်ကျင်းပမည်ဖြစ်သည်။ ဆုပေးပွဲများ၏ အချိန်နှင့်နေရာအား နောင်တွင်ကြေငြာ ပေးမည်ဖြစ်ပါသည်။

၂၂)အောက်တွင်ဖော်ပြထားသည့်ဇယားအတိုင်း အဆင့်(၁)ခုစီတွင် ပထမ၊ ဒုတိယ နှင့် တတိယဆုချီးမြှင့်မည်ဖြစ်ပြီး အဆင့်တစ်ခုစီတွင် အမှတ်အများဆုံး အယောက်(၂၀)အားလည်း ဆုချီးမြှင့်မည်ဖြစ်ပါသည်။

မူလတန်းအဆင့် အလယ်တန်းအဆင့် အထက်တန်းအဆင့်
ပထမဆု- ၁၃၀၀၀၀ ကျပ် ပထမဆု- ၁၃၀၀၀၀ ကျပ် ပထမဆု- ၁၃၀၀၀၀ ကျပ်
ဒုတိယဆု- ၁၀၀၀၀၀ ကျပ် ဒုတိယဆု- ၁၀၀၀၀၀ ကျပ် ဒုတိယဆု- ၁၀၀၀၀၀ ကျပ်
တတိယဆု- ၈၅၀၀၀ ကျပ် တတိယဆု- ၈၅၀၀၀ ကျပ် တတိယဆု- ၈၅၀၀၀ ကျပ်

 

၂၃)BFI Education Services သည် အထက်တွင်ဖော်ပြခဲ့သော စည်းမျဉ်းစည်းကမ်းလိုက်နာဖွယ်ရာများ နှင့် အခြားသော ကျင့်ဝတ်များအား ချိုးဖောက်သည့်ပြိုင်ပွဲဝင်အား ပြိုင်ပွဲမှထုတ်ပယ်ပိုင်ခွင့်ရှိပါသည်။

၂၄) ပြိုင်ပွဲသို့လာရောက်သော ယာဉ်များအား ကျောင်း၏အတွင်း ၀င်းအတွင်းရပ်နားခြင်းကို ခွင့်ပြုမည်မဟုတ်ပါ။

၂၅)ပြိုင်ပွဲဝင်များအားလုံးသည် ပြိုင်ပွဲမ၀င်မီ အထက်ပါစည်းမျဉ်းစည်းကမ်းများအားသေချာဖတ်ရှု လိုက်နာရမည် ဖြစ်ပါသည်။

Rules and Regulations for the Mathemania Puzzle Contest 2017-2018

General Information

1.Mathemania is a puzzle contest organized by BFI Education Services at Shu Khinn Thar International College. It comprises of 3 different levels where each level consists of different types of puzzles. The purpose of this contest is to boost enthusiasm towards Math and strengthen the critical thinking skills of students.

2.Who can participate?

 

Anyone who falls into one of the age groups of the following categories, Primary, Secondary or High School level can participate in this contest.

 

Category Date of birth
Primary Level June 1, 2006 – May 31, 2009
Secondary Level June 1, 2003 – May 31,2006
High School Level June 1, 2000– May 31,2003

3.The contest consists of 20 multiple-choice puzzles. Basic knowledge of math skills, such as

addition, subtraction, division and multiplication are required. The questions are both in

English and Myanmar.

4.Contestants are assigned to Primary, Secondary or High School level according to their date of

births.

5.The contest will be held on Saturday, February3, 2018; for all categories. Time and Venue of

the Contest will be mentioned on the Contestant’s Exam Slip.

6.The contest will be held according to the following schedule. Participants of each level are requested to come at least 45 minutes before the respective contest starts.

 

 

Saturday   (February 3, 2018)
9:00 am – 10:30am 12:00pm – 1:30pm 3:00pm – 4:30pm
Secondary Primary High School

Application Procedure

7.A Contestant must complete the application form in order to participate in the contest. Completed application form is to be sent to Shu Khinn Thar International College (SKT) or Bahan International Science Academy (BISA) before 3:00 pm, February 2, 2018. The application forms are available at SKT and BISA school offices and at www.bfi-edu.com. The Application forms can be photocopied.

8.Applicants should show NRC card or any other official document (to prove the date of birth) upon submission of the Application Form.

9.Applicants are required to pay the Registration Fee of 5,000 Kyats.

10.Applicants will receive a Sample Puzzle and Answers Booklet with past Mathemania questions with no extra charge.

11.Applicants will receive an Exam Slip upon registration. The Exam Slip and the NRC card or any other official documents are to be brought to the contest for the Contestants to be accepted to the invigilation rooms.

During the Contest

 

12.Contestants will be given exam rules before they start the exam. It is the responsibility of each contestant to follow the exam rules in order to have a valid exam score.

13.No books, calculators, computers, cell-phones, tablets, PCs or any other electronic devices are allowed during the contest. Contestants are permitted to use only writing tools and erasers.

14.Contestants are not allowed to walk around, talk to other participants, or share writing materials during the contest.

15.If there are any technical errors on the question paper, the Contestant has the right to ask for a new one. Therefore, he or she is suggested to go through the question paper carefully before starting to solve the puzzles. The invigilators will help to get a new paper.

16.Contestants can clear doubts, if any, with the invigilator by raising their hands. Contestants are requested to remain silence in the exam room.

17.Contestants will remain in their seats until all the Answer Sheets have been collected, regardless of whether they have finished or not. Question papers can be taken home by the Contestants.

18.The exam has 3 types of questions in terms of difficulty: Easy, Medium and Challenging. The questions that are in Easy Category are given 3 marks, in Medium Category are given 4 marks, and the Challenging Category questions are worth 5 marks. A question, which is not answered, will be given zero mark. There will not be any deduction of points for the incorrect answers.

19.The duration of the contest is 1 hour and 30 minutes for each category.

Announcement of Results

20.Contest results will be announced tentatively on February 10, 2018. Results can be either viewed on our web site www.bfi-edu.com or on our Facebook Accounts. Printed results will be displayed at SKT or BISA campuses, as well.

Prize distribution after the contest

21.The Awarding Ceremony will be held in March. Date and Venue will be announced later

22.There will be 3 grand prize winners for each category as mentioned in the table below. Top 20 awards will also be given to winners in each category.

Primary Level Secondary Level High School Level
1st place: 130 000 kyats 1st place: 130 000 kyats 1st place: 130 000 kyats
2nd place: 100 000 kyats 2nd place: 100 000 kyats 2nd place: 100 000 kyats
3rd place: 85 000 kyats 3rd place: 85 000 kyats 3rd place: 85 000 kyats

23.BFI Education Services holds the right to disqualify any contestant who violates the above-mentioned rules and regulations or any other ethical rules during the exam process.

24.Vehicles are not allowed to park inside SKT school inner compound.

25. All participants are requested to read and accept the above rules and regulations before entering the contest.

Please Download the application From

[embeddoc url=”http://www.bfi-edu.com/wp-content/uploads/2018/01/Application-Form.pdf” download=”all”]