မိဘ၊ အုပ်ထိန်းသူအနေနဲ့ မိမိကလေးရဲ့ စာသင်ကြားရေး အခြေအနေကို စောင့်ကြည့်သင့်ပါတယ်

ဥပမာ – ကျောင်းနေစ ကလေးငယ်တွေအတွက် စာမေးပွဲဆိုတာဟာ ကြောက်စရာကောင်းနေနိုင်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ မိမိကလေး အိမ်ပြန်ရောက်တဲ့အခါ စာကျက်မှတ်နေတဲ့ အခြေအနေ မည်သို့မည်ပုံရှိနေလဲဆိုတာကို သိရှိထားရပါမယ်။ အကယ်၍ မိမိကလေးအတွက် စာမေးပွဲနှင့် စာကျက်ခြင်းဟာ စိတ်ဖိစီးမှုအများအပြား ဖြစ်စေတယ်ဆိုရင် မိမိရင်သွေးရဲ့ အခြေအနေကို ကျောင်းဆရာ၊ ဆရာမများနှင့် ပညာရေး အကြံပေးသူတို့ထံ ပွင့်ပွင့်လင်းလင်း ပြောပြတိုင်ပင် သင့်ပါတယ်။