၂၀၁၈-၂၀၁၉ ပညာသင်နှစ်သည် လာမည့်မေ (၂၈) နေ့တွင် စတင်တော့မည့်အကြောင်း အသိပေး ပြောကြားလိုပါသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်သည် လာမည့်မေ (၂၈) နေ့တွင် စတင်တော့မည့်အကြောင်း အသိပေး ပြောကြားလိုပါသည်။

မိဘများအားလုံး မင်္ဂလာပါရှင်။ ကျွန်မတို့ရဲ့ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်သည် လာမည့်မေ (၂၈) နေ့တွင် စတင်တော့မည့်အကြောင်း အသိပေး ပြောကြားလိုပါသည်။

လူကြီးမင်းတို့၏ ရင်သွေးရတနာများအတွက် ဘက်စုံပြီး ပြည့်စုံနေသော ကျောင်းကောင်းကို ရှာနေ တယ်ဆိုရင် ပထမဦးစွာအနေနဲ့ Mandalay International Kindergarten [M.I.K] ကျောင်းတော်ကြီးကို လာရောက်လေ့လာစေလိုပါသည်။ ကျွန်မတို့ ကျောင်းတော်ကြီးမှာဆိုရင် . . .

၁။ နိုင်ငံတကာ မူကြိုပညာရေး သင်ရိုးညွှန်းတမ်းများ အသုံးပြုထားရှိခြင်း

၂။ ပညာရေးအတွက် နည်းပညာပိုင်းဆိုင်ရာ စက်ပစ္စည်းစုံလင်စွာ ထားရှိပေးခြင်း

၃။ ကလေးငယ်များအတွက် ဆရာမအင်အား လုံလောက်စွာထားရှိသောကြောင့် လုံခြုံစိတ်ချမှု အပြည့်ရှိ ခြင်း

၎။ စာသင်ခန်းများ ကျယ်ဝန်းသည့်အတွက် ကလေးများလွတ်လပ်စွာ စာသင်ကြားရခြင်း

၅။ အရည် အချင်း ပြည့်မီသော ဆရာ/ဆရာမများ ထားရှိထားခြင်း

၆။ မူကြိုဘာသာရပ်အပြင် English ဘာသာစကားကို တိကျပြတ်သားရှင်းလင်းစွာ
ပြောဆိုနိုင်ရန် အ တွက် Native Speaker ဆရာများဖြင့် သီးသန့်လေ့ကျင့်
သင်ကြားပေးခြင်း

၇။ ကလေးငယ်၏ ပညာရေးသာမက လူမှုရေးနှင့် ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ
အမြဲဂရုစိုက်သင်ကြား ပေးသော ကျောင်းတစ်ကျောင်းဖြစ်ခြင်း

၈။ ကလေးငယ်၏ အကျင့်စာရိတ္တ ပိုမိုကောင်းမွန်စေရန်လည်း အထူးလေ့ကျင့်
သင်ကြားပေးခြင်း

၉။ မိမိနိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကိုသာမက နိုင်ငံတကာရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုပါ လေးစားလိုက်နာကျင့်သုံးတတ်စေရန် လေ့ကျင့်သင်ကြားပေးခြင်း
အစရှိသည့် လေ့ကျင့်သင်ကြားနည်းလမ်းအသွယ်သွယ်နှင့် ပြုစုပျိုးထောင်နေ သောကျောင်း တစ်ကျောင်းဖြစ် ကြောင်း အသိပေးစေလိုပါသည်။

လူကြီးမင်းတို့အနေဖြင့် Mandalay International Kindergarten [M.I.K] အကြောင်း ပိုမိုသိရှိလိုပါက 09- 973558362, 09-2053042, 02 4024405 တို့ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သလို ကျောင်းတော်ကြီးကိုလည်း ပိတ်ရက်မရှိ

(အစိုးရရုံးပိတ်ရက်မှလွဲ၍) လာရောက်လေ့လာမေးမြန်းနိုင်ပါသည်ရှင့်။