How to make your child self-confident?

How to make your child self-confident?

How to make your child self-confident?
1. When your child is talking to you, face him/her, take his/her words seriously and let him/her feel it. Eye contact and conversation raise your child’s self-confidence.
2. Give your child responsibility that he/she can handle.
3. Spend some time with your child. The way you spend the time together will make your child feel special.
4. Have conversations with your child about everything (age appropriate language). The child will develop ideas, logical thinking and will get confidence to talk freely about everything.
5. Tell your child often that you love him/her. Love words are powerful in gaining strong self-confidence.
6. Put your child in first place. His/Her feeling of being important will influence his positive behavior and eliminate unwanted behavior.
7. Let your child do everything that he/she must do at his/her age (dressing, lacing shoes, tidying up the room, getting ready for the next school day). His/Her progress and individual development will increase his/her self-esteem and self-confidence.
8. Don’t compare your child with others. Every child’s intelligence and individual abilities are unique. Your comparison means disrespect to your child.
9. Don’t make excessive expectations from your child. It will add stress and internal conflict to his/her life. Your expectations should be suitable to his/her age.
10. Give importance to your child’s school life, education and everything he/she is fond of. School progress and happiness will contribute into the child’s personal and self-confidence development.
11. Create a happy and peaceful family environment. Nothing can be compared with the family contribution in child’s self-confidence development.

သင့်ကလေးရဲ့ ကိုယ်ပိုင်ယုံကြည်မှု တိုးတက်စေရန် ဘာတွေလုပ်ကြမလဲ?
1. သင့်ကလေးမှသင့်ကိုစကားပြောသောအခါ သင့်ကလေးနှင့် မျက်နှာချင်းဆိုင်၍ သူတို့၏ စကားလုံးတိုင်းကိုလေးနက်စွာနားထောင်နေကြောင်းကိုသူတို့သိပါစေ။ မျက်လုံးချင်းဆုံပြီးစကားပြောဆိုခြင်းသည် သင့်ကလေး၏ ကိုယ်ပိုင်ယုံကြည်မှုကို မြင့်တင်ပေးပါသည်။
2. သင့်ကလေးအားသူတို့ပြုလုပ်နိုင်သော တာဝန်များကို ပေးပါ။
3. အချို့သောအချိန်များကိုကလေးနှင့်အတူအသုံးပြုပါ။ ၄င်းကဲ့သို့ အချိန်ကိုအတူတကွ အသုံးပြုခြင်းနည်းလမ်းသည် သင့်ကလေးကိုထူးခြားသည့် ခံစားမှုရအောင် ပြုလုပ်ပေးပါလိမ့်မည်။
4. သင့်ကလေးအားအကြောင်းအရာတိုင်းကိုအသက်အရွယ်နှင့် သင့်လျော်သောစကားအသုံးအနှုန်းဖြင့် စကားပြောပါ။ ကလေးသည် အတွေးအခေါ်များ၊ ယုတ္တိဗေဒကျကျ စဉ်းစားတွေးတောခြင်းများကြောင်းကျိုးဆက်စပ်ခြင်းဖြင့် အကြောင်းအရာများကိုလွတ်လပ်စွာပြောဆိုနိုင်ရန် ယုံကြည်မှုများရရှိလာပါလိမ့်မည်။
5. သင့်ကလေးအားသင်ချစ်သည့်အကြောင်းကိုမကြာခဏပြောကြားပေးပါ။ ချစ်မြတ်နိုးဖွယ် စကားလေးများသည် ခိုင်မာသောကိုယ်ပိုင်ယုံကြည်မှု ရရှိရန်အတွက် အင်အားကြီးမားလှပါသည်။
6. .သင့်ကလေးကိုပထမဦးစားပေးနေရာတွင် ထားပါ။ဤသို့ အလေးထားခံရခြင်းကြောင့် သူ၏စိတ်ခံစားမှုများသည်မလိုလားအပ်သောအမူအကျင့်ကိုဖယ်ထုတ်ပြီးကောင်းသောအမူအကျင့်များလွှမ်းမိုးလာပါလိမ့်မည်။
7. သူတို့ အသက်အရွယ်၌် ပြုလုပ်ရမည့်အရာတို်ုင်း ( အ၀တ်အစားဝတ်ဆင်ခြင်း၊ ဖိနပ်ကြိုးချည်ခြင်း၊ အခန်းကိုသပ်ရပ်သေသပ်အောင် ပြုလုပ်ခြင်း၊ ကျောင်းနောက်နေ့အတွက် အဆင်သင့်ပြင်ဆင်ခြင်း ) ကိုသင့်ကလေးအားပြုလုပ်ခိုင်းပါ။ သူတို့၏ တိုးတက်ဖွံ့ဖြိုးမှုသည် မိမိကိုယ်ကိုမိမိအကောင်းမြင်တက်ခြင်းနှင့် ကိုယ်ပိုင်ယုံကြည်မှုကိုတိုးမြှင့်ပေးပါလိမ့်မည်။
8. သင့်ကလေးကိုအခြားကလေးများနှင့် မနှိုင်းယဉ်ပါနှင့်။ ကလေးတိုင်းတွင် ကိုယ်ပိုင်အသိဥာဏ်နှင့် ကိုယ်ပိုင်အရည်အချင်းများရှိပါသည်။ သင်၏ နှိုင်းယဉ်မှုသည် သင့်ကလေးအားမလေးစားသည့်သဘောကိုသက်ရောက်စေပါသည်။
9. သင့်ကလေးအပေါ်ကိုမျှော်လင့်ချက် အလွန်အကျွံမထားပါနှင့်။ သူ့ဘ၀တွင် ရုန်းကန်မှုများနှင့် စိတ်ဖိစီးမှုများ ဖြစ်လာပါလိမ့်မည်။ သူ၏ အသက်အရွယ်နှင့် သင့်လျော်သောမျှော်လင့်ချက်မျိုးသာ ဖြစ်သင့်ပါသည်။
၁၀. သင့်ကလေး၏ ကျောင်းဘ၀၊ ပညာရေးနှင့် သူမြတ်နိုးသောအရာတိုင်းကိုအလေးထားပေးပါ။ ကျောင်း၌ဖံွံ့ဖြိုးတိုးတက်မှုနှင့် ပျော်ရွှင်မှုများသည် ကလေး၏ ပုဂ္ဂိုလ်ရေးနှင့် မိမိကိုယ်ကိုမိမိယုံကြည်မှုဖွံ့ ဖြိုးရေးအတွက် အထောက်အကူပေးပါလိမ့်မည်။
၁၁.ပျော်ရွှင်ဖွယ်ရာ ငြိမ်းချမ်းသောမိသားစုကမ္ဘာလေးကိုဖန်တီးပါ။ ကလေး၏ ကိုယ်ပိုင်ယုံကြည်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိသားစု၏ ကူညီထောက်ပံ့မှုကိုမည့်သည့် အရာကမျှ မယဉ်နိုင်ပါ။

Ms.Iris @ Yin Mon Aye