Announcement to Public [Burmese]

Announcement to Public [Burmese]

အများပြည်သူများသို့ အသိပေးကြေငြာခြင်း။

မြန်မာစာသင်ကြားခြင်းနှင့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ထားခြင်းမရှိကြောင်းတို့ဖြင့် ကျွန်ုပ်တို့ကျောင်းနှင့်ကုမ္ပဏီအားစစ်ဆေးမေးမြန်းနေမှုအပေါ် အများပြည်သူများအားအသိပေးပြောကြားလိုပါသည်။ ၄င်းဖြစ်ရပ်မှာ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေအားနားလည်လွဲမှားခြင်းဟုကျွန်ုပ်တို့ယုံကြည့်ပါသည်။

ကျွန်ုပ်တို့ကျောင်းသည် Cambridge မှကြီးမှူးသော နိုင်ငံတကာသင်ရိုးညွှန်းတမ်း ဖြစ်သည့် Cambridge နှင့် IB Diploma သင်ရိုးညွှန်းတမ်း များကိုသာ သင်ကြားပေးသောကျောင်းဖြစ်ပါသည်။

ကျွန်ုပ်တို့၏ နိုင်ငံတကာနှင့်ပက်သက်သောအစီအစဉ်များမှာ ကျောင်းသားများ၏ ကိုယ်ပိုင် ဘာသာစကားနှင့်ယဉ်ကျေးမှုတို့ကို တိုးတက်ပြန့်ပွား စေရန် ပံ့ပိုးပေးသော ကျောင်းဖြစ်ပါသည်၊ ကျောင်းသားအများစုမှာ မြန်မာ ကျောင်းသားကျောင်းသူများဖြစ်သည့်အတွက် ကျွန်ုပ်တို့ ၏စာသင်ကြားရေးအစီအစဉ်တွင် မြန်မာဘာသာစကား နှင့် ယဉ်ကျေးမှုတို့ကိုထည့်သွင်း သင်ကြားရပါသည်။၎င်းအစီအစဉ်မှာ ကျောင်းသားကျောင်းသူများ၏ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဘာသာစကားကို နားလည်လက်ခံနိုင်စေရန် ကူညီထောက်ပံ့ပေးသော အခွင့်အရေးတစ်ခုဖြစ်ပါသည်။ အခြားနိုင်ငံမှ ကျောင်းသားကျောင်းသူများကိုလည်း မြန်မာ့ယဉ်ကျေးမှုနှင့် ဘာသာစကားကိုဒုတိယဘာသာရပ်ဖြစ်သင်ကြားပေးပြီး ကျွန်ုပ်တို့၏ကျောင်းမှနိုင်ငံတကာနှင့်ပက်သက်သော အစီအစဉ်များ ဖြင့် မြန်မာ့ယဉ်ကျေးမှုကိုလိုက်လျောညီထွေဖြစ်စေရန် ကူညီပေးပါသည်။

ယင်းအခြေအနေ ကိုမကြာခင်အချိန်တွင်ဖြေရှင်း နိုင်မည်ဟုကျွန်ုပ်တို့ယုံကြည့်ပါသည်။ ကျွန်ုပ်တို့အပေါ်ယုံကြည်သောမိဘများအားလုံးကိုလည်း လှိုက်လှဲစွာကျေးဇူးတင်ကြောင်းပြောကြားလိုပါသည်။ကျောင်း၏စာသင်ကြားရေးကိုမထိခိုက်စေဘဲကျောင်းလှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။