မိမိရင်သွေးရဲ့ မနက်စာဟာ သင့်တော်ရုံဖြစ်နေရပါမယ်

မနက်စာကျွေးတဲ့အခါမှာ ပြည့်အင့်နေအောင်ကျွေးဖို့ မသင့်သလို မနက်စာကို Skip လုပ်တာ ပိုပြီးမဖြစ်သင့်ပါဘူး။ ကလေးအရွယ်မှာ သင့်တော်မှန်ကန်တဲ့ မနက်စာကို စားတဲ့ကလေးတွေဟာ အားအင်ပြည့်ဝနေတတ်ပြီး ကျောင်းသင်ခန်းစာကို လေ့လာတဲ့နေရာမှာ ပိုတော်တတ်ကြပါတယ်။ ဒါ့ကြောင့် ယျေဘူရအားဖြင့် ဆန်၊ ဂျုံစတာတွေအပြင် Protein ဓာတ်အပြည့်ပါတဲ့ အစားအစာမျိုးတွေကို ကျွေးသင့်ပြီး သကြားကိုတော့ လျော့နိုင်သမျှ လျှော့ကျွေးပါ။ တကယ်လို့ မိမိကလေးက အိပ်ယာထ နောက်ကျသွားတယ်ဆိုရင်တောင် ပြုလုပ်ရလွယ်ကူပြီး သယ်ဆောင်ရ စားသုံးရ လွယ်ကူမြန်ဆန်တဲ့အပြင် အာဟာရလည်း ဖြစ်စေတဲ့ အသီးဖျော်ရည်၊ အစေ့အဆံ၊ ဒိန်ချဉ်၊ မြေပဲယိုနည်းနည်းသုတ်ထားတဲ့ Sandwich နဲ့ ငှက်ပျောသီးတို့လို မနက်စာမျိုးကို ပြင်ပေးပါ။