အုပ်ထိန်းသူ၊ မိဘ ဖြစ်သူဟာ မိမိရင်သွေး တက်ရောက်နေတဲ့ကျောင်းကို မကြာခဏ သွားရောက်သင့်တဲ့အပြင် ကျောင်းက ဖွင့်ထားတဲ့ Website ကိုလည်း မကြာခဏ ကြည့်ပေးသင့်ပါတယ်

ကျောင်းကို မကြာခဏ လည်ပတ်ရင်း ကျောင်းရဲ့ အားကစားကွင်း အခြေအနေ၊ ကျောင်းရဲ့ဆေးပေးခန်းက ဘယ်လိုအနေအထား ရှိတယ် စတဲ့ ကျောင်းပုံစံကို သိတဲ့အခါ မိမိရင်သွေးနဲ့ ကျောင်းရဲ့တစ်နေ့တာအကြောင်း ပြန်ပြောတဲ့အခါ ပိုပြီးရင်းနှီးလွယ် နားလည်လွယ်စေပါတယ်။ ဒါ့အပြင် မိမိအနေနဲ့လည်း ကျောင်းရဲ့ ရုံးခန်းက ဘယ်နေရာမှာ၊ ဆေးပေးခန်းက ဘယ်နေရာ၊ ကျောင်းမုန့်ဈေးတန်း နေရာ၊ အားကစားကွင်းက ဘယ်နေရာမှာ စသဖြင့် သိထားတယ်ဆိုရင် ပိုပြီးကောင်းမွန်ပါတယ်။ ကျောင်းက ဖွင့်ထားတဲ့ Website ကို ကြည့်စေချင်တာကတော့ ကျောင်း Website တွေမှာ တချို့ Information တွေဖြစ်တဲ့ တစ်နှစ်တာ ကျောင်းဖွင့်ရက် ပိတ်ရက်တွေ၊ ကျောင်းမှ ကြီးမှူးကျင်းပတဲ့ ကျောင်းသားပွဲတွေ၊ စာမေးပွဲရက်တွေ၊ မိမိရင်သွေးနဲ့ပတ်သက်ပြီး ဆက်သွယ်ရမယ့် ဆရာ၊ ဆရာမ ဖုန်းနံပါတ် email လိပ်စာ စတဲ့ Information တွေကို ရှာဖွေနိုင်လို့ပဲ ဖြစ်ပါတယ်။