စာလေ့လာကျက်မှတ်တဲ့အခါမှာ အထောက်အကူဖြစ်စေမယ့် အစားအသောက် ၁၀ မျိုး

စာတွေကျက်၊ Noteတွေဖတ်၊ စာပြန်နွေးတာတွေ လုပ်ရတာဟာ ကျောင်းသားတစ်ယောက်ရဲ့ နေ့စဉ်အလုပ်တွေပါ။ ဒါပေမယ့် ဦးနှောက်ကို အလုပ်တွေ လုပ်ခိုင်းသလို အားပြန်ဖြည့်ဖို့လည်း မမေ့ပါနဲ့။ ဒါမှသာ စာတွေလေ့လာတဲ့အခါ ပိုမိုအာရုံစိုးစိုက်နိုင်ပြီး သင်ခန်းစာတွေကို ပိုပြီးမှတ်မိနိုင်မှာ ဖြစ်ပါတယ်။

နွားနို့နဲ့ဒိန်ချဉ်

အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေဟာ Protein ဓာတ်နဲ့ Vitamin B အုပ်စုတွေ ပါဝင်လို့ အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းစေပါတယ်။

Oat (ဂျုံ)

မြန်မာမှာတော့ မနက်စာဆို ထမင်းစားကြတာ များမယ်ထင်ပါတယ်။ ဒါပေမယ့် ဂျုံဟာ ဆန်ထက် Calories နည်းတဲ့အပြင် သကြားပမာဏလည်း နည်းပါတယ်။ Vitamin B ပါဝင်နှုန်းက သိပ်မကွာလှပေမယ့် ဂျုံဟာ ဆန်ထက် Iron ဓာတ်နှစ်ဆ ပိုမိုပါဝင်ပါတယ်။ ဒါအပြင် ချက်ရပြုတ်ရတဲ့ အချိန်ကို တွက်မယ်ဆိုရင် ဂျုံက ၁၀မိနစ်အလွန်ဆုံးဆို ရပေမယ့် ဆန်ကတော့ မိနစ် ၃၀ ကနေ ၄၀ လောက် ချက်ရတာမို့ ဂျုံကို ဦးစားပေးစားသုံးတာက ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။ ဂျုံကရတဲ့ Vitamin B နဲ့ Potassium, Zinc, Vitamin E တို့ဟာ ဦးနှောက်အတွက် အလွန်လိုအပ်ပါတယ်။

ဘယ်ရီသီး (အပြာရောင်)

အပြာရောင် ဘယ်ရီသီးကတော့ နေရာတိုင်းမှာ မရနိုင်ပေမယ့် သူ့ပါမှာတဲ့ အာဟာရဓာတ်တွေက စာသင်ကြားတဲ့အခါ လေ့လာနိုင်စွမ်းနဲ့ မှတ်သားနိုင်စွမ်းကို အများကြီး တိုးတက်စေပါတယ်။

Omega 3 Fatty acid

ငါးသလောက်ယောက်ဖတို့ မက်ကရယ်ငါးတို့ ဆယ်လ်မွန်ငါးတို့ကနေ ရနိုင်တဲ့ Omega 3 အဆီဟာ ဦးနှောက်အတွက် အရမ်းကောင်းတဲ့ အာဟာရတစ်မျိုးပါ။ အကောင်းဆုံး ပြင်ဆင်ချက်ပြုတ် နည်းကတော့ Indian ပုံစံ နနွင်းနဲ့ နယ်ပြီးချက်တာပဲ ဖြစ်ပါတယ်။

သစ်ကြားသီး

အခွံမာအသီး မှန်သမျှဟာ ဦးနှောက်အတွက် လိုအပ်တဲ့ Protein နဲ့ Omega 3 ရော Omega 6 fatty acid ရောပါဝင်ကြတယ် ဆိုပေမယ့် သစ်ကြားသီးကတော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကျန်းမာရေးကို အထောက်အကူပြုတဲ့အဆီလည်း အဆီအမျိုးအစားထဲပါတာပဲ မဟုတ်လား ဒီတော့ အများကြီး မစားသင့်ပါဘူး။ တစ်ရက်ကို စားပွဲတင်ဇွန်း ၂ဇွန်းလောက်ဆို လုံလောက်ပါပြီ။

ချောကလက်

ချောကလက်တိုင်း အတူတူပဲ ထင်ပြီး သဘောကျမနေပါနဲ့ဦး။ ချောကလက်တွေထဲမှာမှ အခါးဓာတ်ပိုပါပြီး ညိုမှောင်နေတဲ့ ချောကလက်ကို ရွေးစားသင့်ပါတယ်။ တကယ်တော့ ချောကလက်မှာ ပါဝင်တဲ့ Cocoa အမှုန့်ကသာ ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်ပေးနိုင်တာပါ။ တကယ်လို့ အိမ်မှာ Cocoa အမှုန့်ချည်းပဲ ဝယ်ထားတာရှိတယ်ဆိုရင် ဒိန်ချဉ်ထဲကို တစ်ဇွန်းလောက် ထည့်မွှေပြီး စားလိုက်တာက အချဉ်လည်းသက်သာတယ် အခါးလည်းသက်သာတယ်။ ဒိန်ချဉ်ရော Cocoa ရော ပါဝင်တဲ့အတွက် ဦးနှောက်ကို ပိုပြီးလည်း အာဟာရဖြည့်ပေးရာရောက်တယ် မဟုတ်လား။

အစိမ်းရောင်နဲ့အရောင်ရင့်တဲ့ အသီးအရွက်များ

ပန်းဂေါ်ဖီစိမ်း ဟင်းနုနွယ် ကညွှတ် စတဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးခြင်းဟာ ဦးနှောက်အလုပ်လုပ်တဲ့နေရာမှာ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ လူငယ်တချို့အနေနဲ့ အသီးအရွက်စားတာကို မနှစ်သက်ပေမယ့် အစိမ်းရောင်နဲ့ အရောင်ရင့်ရင့် ဟင်းသီးဟင်းရွက်တွေထဲကမှ ကိုယ်သဘောကျ အနှစ်သက်ဆုံး တစ်မျိုး နှစ်မျိုးလောက် စားပေးရုံနဲ့ လုံလောက်ပါတယ်။

ပဲအမျိုးမျိုး

Protein, Magnesium နဲ့ Vitamins B တို့အပြင် အမျှင်နဲ့ ကစီဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် စာလေ့လာသင်ကြားနေသူတွေအတွက် အထူးသင့်တော်ပါတယ်။ အကောင်းဆုံးကတော့ ဗိုလ်စားပဲ ဖြစ်ပြီး တစ်နေ့ကို စားပွဲတင်ဇွန်း ၈ဇွန်းပမာဏလောက် စားသင့်တယ်လို့ ဆိုပါတယ်။